ကျုံပျော်မြို့နယ်၊ ကမ်းနားမဲဇလီကျေးရွာရှိ အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ

ကျုံပျော် စက်တင်ဘာ ၂၃

ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တောကြီး ကျေးရွာအုပ်စု၊ ကမ်းနားမဲဇလီကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၂၀)အား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်းကို  စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုအတွက်  ဆန်(၂)ပြည်လျှင် (၂၀၀၀)ကျပ်၊ ကြက်ဥ(၅)လုံး (၅၀၀)ကျပ်နှင့် ကြက်သွန်နီများအား  အထူးဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားကုန်များ ဈေးနှုန်းချိုစွာဖြင့် ရောင်းချခြင်းကို ကျုံပျော်မြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှစတင်၍ ဆောင်ရွက်လျှက်ရှိပြီး၊ ကျုံပျော်မြို့ရှိ ပင်လုံ၊ တေဇ၊  မြဝတီနှင့် အောင်ဆန်းရပ်ကွက်များတွင်၎င်း၊ အထောင်မြို့ရှိ ရပ်ကွက်များတွင် ၎င်းမြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စုများတွင်၎င်း လိုက်လံဆောင်ရွက်ပေးလျှက်ရှိကာ လာရောက် ဝယ်ယူကြသူများကလည်း ဝမ်းမြောက်လျှက်ရှိကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)