ရေဖြူ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက သစ်သီးအခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင်နှင့် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူရှိန်တို့က သင်တန်းဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိဝင်ငွေတိုးစေရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သ်သီးအခြေခံစားသောက်ကုန် (၁၀)မျိုးပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၆)ဦးတက်ရောက်ကာ သင်တန်းကာလ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ