မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများဘဝတိုးမြင့်မားရေး အသိပညာပေး Talk Show ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများဘဝ တိုးတက်မြင့်မားရေး အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး Talk Show ကို  စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများ၊ မသန်စွမ်းသူများကို ကူညီဖေးမရန် လူသားတိုင်းတာဝန်ရှိကြောင်း၊ မသန်စွမ်းသူများ ကိုယ်ချင်းစာတရားထား ကြရန်၊ မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူတို့ဘဝ တိုးတက်ရေးအတွက် အစိုးရအဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း မသန်စွမ်းသူများ၏ ဘဝတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေမည့် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာအုပ် တ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကို လည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)