ရှမ်းရွာသစ် စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် မျိုးကွဲ B.4 , B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်တစ်ဦးနှင့်တစ်ဦး ခပ်ခွခွာနေကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင်နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ် ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများ ပြည်သူများ ကျန်းမာရေးအသိပညာ ရရှိစေရန် ရည်ရွယ်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)