ပိုင်ကျုံ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)ခွဲနာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့၊အမှတ်(၃)ရပ်ကွက်နှင့် ကစိုကျေးရှိ လူစည်ကားသည့်နေရာများ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Maskများ အခမဲ့ဝေငှ ပေးခဲ့ပြီး အများပြည်သူများ သိသင့်သိထိုက်သော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ပိုက်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင် ၍ ကစိုကျေးရွာ လူမှုကယ်ဆယ်ရေးအသင်းမှ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့ကပူးပေါင်း၍ Mask Campaign လုပ်ငန်းကိုအပတ်စဉ် တနင်္လနေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)