ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူး ပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့် “ပညာနှင့်ကန်တေ့ာခြင်း ’’စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးနိုင်စေရေးအတွက် စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောက်ရွက်ကြရာ Youth Clubအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဟိန်းသူကျော်က လွယ်လွန်းလို့ခက်နေသည်” ခေါင်းစဥ်ပါအကြောင်းအရာကိုလည်းကောင်း၊ မအေးသဇင်ကသုတနှင့် ပညာ” ခေါင်းစဥ်တို့အားလည်းကောင်း၊ မနန္ဒာဦးက “ပညာနှင့်ကန်တေ့ာခြင်း”ခေါင်းစဥ်တို့အားလည်းကောင်း ​ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်စာဖတ် ပရိသတ်များက  အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)