ရွှေကျင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စုမြတ်စန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းက ပြန်လည်ဖြေကြားပေးခဲ့ပြီး နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြင့် သိကောင်းစရာအသိပညာပေး သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)