ချောင်းဆုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ချောင်းဆုံ ဇန်နဝါရီ ၂၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုး တိုးတက်စေရေး အစီအစဉ်ဖြင့် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉၆) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘအုပ် ထိန်းသူများ ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝ၍ ညီညွတ်မျှတသော အစားအသောက်ပုံစံများ ပြင်ဆင်ချက်ပြုတ်ကျွေးမွေးခြင်း၊ ကျောင်းမုန့်ဈေး တန်းများ စစ်ဆေးခြင်းနှင့် ကျန်းမရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)