နမ့်စန်(တ) ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းများအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများကို အာဟာရကျွေးမွေးခြင်း၊ အာဟာရကျန်းမာရေးအကြောင်း အသိပညာပေး ပြောကြားခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၆) ကျောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး KG တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၃၇) ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီလအတွင်း နှစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရအောင်(နမ့်စန်)