မော်လမြိုင် ဇန်နဝါရီ ၂၈
မော်လမြိုင်မြို့နယ်သစ်တောဦးစီးဌာနက ပြည်သူများအား “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာအသိပညာပေး” ဟောပြောပွဲကို သစ်တောဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်း ဘိုကုန်းရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ (၆၈) ဦးအား မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးနိုင်က သစ်တောထိန်းသိမ်းခြင်း အစီအစဉ်အားလည်ကောင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်က ရေသယံဇာတထိန်းသိမ်းရေး အစီအစဉ်အားလည်ကောင်း တောအုပ်ကြီး ဦးဝင်းလှိုင်က မီးခိုး/မြူငွေ့လျှော့ချရေး အစီအစဉ်အားလည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်