ချောက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ယာယီရဲမှူးကျော်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေကိုလည်းကောင်း၊ ဒုတိယရဲမှူးသန်းနိုင်ဦးက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်း တာဝန်များ၊ ရပ်ကွက်/ ကျေးရွာအတွင်းနေ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရခြင်း မရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန် ဆာ ပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ ရပ်ရွာအခြေပြု လူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများစသည့် လူကုန်ကူးမှုဖြစ်ပွားရခြင်းနှင့် ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများ သင်တန်းသား(၉၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၈ရက်နေ့အထိဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)