အမ်း စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချမှုနှင့်ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကအမ်းတပ်နယ်စျေး အနီးလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ လာရောက်ဈေးဝယ်သည့် ပြည်သူများ၊ သွားလာလှုပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များမှ ခရီးသွား ပြည်သူများအား ကိုဗစ်- ၁၉မျိုးရိုး ဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ်BA-5 ကူး စက်ရောဂါ ကာကွယ်ထိန်ချုပ်နိုင်ရေး ကျန်းမာရေးဝန် ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီးနှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
စိုးမင်းထွန်း
မြို့နယ်(ပြန်/ဆက်)