တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွစျေးကြီးတွင် စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်းကမ်ပိန်းဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွတိုက်နယ်၊ ကုက္ကိုခွဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ​ဖြန့်ဝေဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂)ဦးလှသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဆွေ၊ အမှုဆောင်အရာရှိ ဦးမြလင်းနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို Mask (၂၅ဝဝ)ခုအား အခမဲ့ဖြန့်ဝေခဲ့ပြီး နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)