တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

တောင်ကြီး စက်တင်ဘာ ၂၆

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး အသိပညာပေးလက်ကမ်း စာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)