ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်တွင် တရားစခန်း သိမ်းပွဲကျင်းပပြုလုပ်

နမ့်ဆန် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာ့ဟိကာရီ ကျောင်းဆောင်အပေါ်ထပ်တွင် ဝါတွင်း (၃)လ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အချိန်ပိုင်းတရားစခန်းသိမ်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း (၆)နာရီ အချိန် ကပြုလုပ်ခဲ့သည်။

အဆိုပါတရားစခန်းပွဲတော်ကို မြို့မဂိုဏ်းချုပ်ကျောင်းတိုက် မြို့နယ်သံဃနာယ ဥက္ကဋ္ဌဆရာတော် ဦးကုမာရမှ “ကုသိုလ် ငါးမျိုးနေ့စဉ်ပြု” တရားတော် ကိုဟောပြောခြင်း၊ တရားစခန်းပွဲတော်ကို ဦးစီးကျင်းပသည့် ဆရာတော်ဦးဉာဏ္ဏိကမှ “စကားသုံးခွန်း တရားတော်”ကို ဟောပြောခြင်း၊ တရားနာလာအားထုတ်သော ယောဂီသူတော်စင်များမှ နဝကမ္မဝတ္ထူငွေများဆက်ကပ်ခြင်း၊ ဆရာတော်ဘုရားမှ အနုမောဒနာတရား ချီးမြှင့်၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆု တောင်း၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)