ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ (၅၂) အမှတ် (၈) စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book Club အဖွဲ့ဝင် ဦးသန်းထွန်းက စာရေးဆရာမြသိန်းရေးသားသည့် အလိမ္မာစာမှာရှိသလို ဆောင်းပါးပါ လူသည်သက်ရှိသတ္တဝါများထဲတွင် အသိဉာဏ်အမြင့်ဆုံးဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းသည် အသိဉာဏ်ပညာကို ဖွံ့ဖြိုးတိုးတက်စေကြောင်းနှင့် စာအုပ်များသည် ကောင်းကျိုးပေးသလို ဆိုးကျိုးကိုလည်းပေးနိုင်သဖြင့် အထူးသတိထားဖတ်ရှုကြရန်လိုအပ်ကြောင်းနှင့် မြို့နယ် Youth Club အဖွဲ့ဝင် မောင်အောင်မင်းသန့်က စာရေးဆရာကြည်လွင်ဦး (ရေနံ) ရေးသားသည့် အစားအစာတွင် ခိုအောင်းနေသည့် အန္တရာယ်ရှိပစ္စည်း ဆောင်းပါးပါ အစားအစာများကို အရောင်အဆင်း လှပအောင်ပြုလုပ်နိုင်သော်လည်း ကင်ဆာရောဂါဖြစ်စေနိုင်သောကြောင့် FDA ကတားမြစ်ထားသည့် အန္တရာယ်ရှိပစ္စည်း တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်အကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာအုပ်တွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ရေးရာ စသည့် ဗဟုသုတရရှိဖွယ်ရာ အကြောင်းအရာများကို ရေးသားဖော်ပြထားပြီး ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)