တနင်္သာရီ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုကအရှေ့ရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် မိဘပြည်သူများ၊ ကျောင်းသား/ သူများနှင့် ခရီးသွားပြည်သူများ လေ့လာသိရှိနိုင်ရန် ပြသပေးကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် ၂၀၁၆ ခုနှစ် အလုပ်ဌာနဥပဒေပါ အကြောင်းအရာများ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားဥပဒေ၊ ဘေးဥပါဒ်အန္တရာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှုပပျောက်ရေး ဆိုင်ရာများ…စသဖြင့် အသိပညာပေးနံရံကပ်စာစောင်များနှင့် မြို့နယ်ပြန်/ ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ရောင်စုံမှတ်တမ်ဓာါတ်ပုံများကို မည်သူမဆို လာရောက်လေ့လာဖတ်ရှုနိုင်ရန် စိတ်ဝင်စားဖွယ် ပြင်ဆင်ပြသထားကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)