ငပုတော ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုတီဘီရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.ကပြင်ခရိုင် ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြင်ခရိုင် တိုက်နယ်ဆေးရုံမှ တိုက်နယ် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများက ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ ရှိ/မရှိ စမ်းသပ်ခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ ရောဂါသံသယရှိသူများကို ဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်း၊ ရောဂါ ရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)