ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ (၁၉၉) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၁၀)ရက် “ဝိဇာတ” တရားစခန်းပွဲကို ယောဂီ(၁၀၀၀)ကျော်ဖြင့် အဆိုပါကျောင်းတိုက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၇၇)တွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ထိုတရားစခန်းပွဲကို အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ၊ဝိဇ္ဇာကာသီ သီရိကမ္မဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)၊ Ph.D(Social Science)၊Ph.D(Vipassana Bhavana) Thailand၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး(ရန်ကုန်)၏ မဟာနာယက၊ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၇၇)၏ ပဓာနနာယက၊ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ၊ အင်းစိန်မြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အရှင်သူမြတ်၏ သက်တော်(၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်၊ (၁၉၉)ကြိမ်မြောက် မိုးကုတ်ဝိပဿနာပြာသိုလ(၁၀)ရက် “ဝိဇာတ” တရားစခန်းပွဲကို ဇန်နဝါရီလ(၂၀)ရက်နေ့မှ ဇန်နဝါရီလ(၂၉)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါတရားစခန်းဖွင့်လှစ်လျက်ရှိသည့် ကာလအတွင်း ဆွမ်းအလှူ၊ Diesel လျှပ်စစ်မီး၊ စက်သုံးဆီအလှူနှင့် သောက်ရေသန့်အလှူရှင်များက ကုသိုလ်တော်ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)