ဇီးကုန်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် တောင်ညိုဆည်နှင့် ဘော်ဘင်ဆည်တို့မှ ပို့လွှတ်သောဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ဧက (၇၉၇၃) လျာထားဆောင်ရွက်လျက်ရှိရာ (၂၅၃၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အစေ့ချကိရိယာ (Drum Seeder)၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးရေး၊ သွင်းအားစုအချိန်ကိုက် သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုး/မွေးမြူရေးကြီးကြပ်အဖွဲ့မှ ကြီးကြပ်၍ သွင်းအားစုများကို အချိန်မီသုံးစွဲနိုင်ရေးအတွက် ပုလဲဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် တောင်သူများအနေဖြင့် ဗီယက်နမ်၊ ရက် ၉၀ စပါးမျိုး၊ ရတနာတိုး၊ အောင်နိုင်တိုးစပါးမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် နွေစပါးစိုက်ဧက ၅၀၀၀ ကျော်စိုက်ပျိုးရာမှ ယခုနှစ်တွင် ၇၉၇၃ ဧကလျာထားဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်နွေစပါး စိုက်ဧကတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)