ဒဂုံမြောက် ဇန်နဝါရီ ၂၉
လူငယ်များဗလငါးတန်ပြည့်စုံရန် အသိပညာဗဟုတများတိုးပွားရရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း လှသဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ယာဉ်ထိန်းတပ်ဖွဲစု(၃၀)မှ ရဲအုပ် ဇာခြည်ထွန်းထွန်းက ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာလှုပ်ရှားမှုဆိုင်ရာအချက်အလက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြ သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်အား အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)