အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး

မြို့သစ် ဇန်နဝါရီ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာတက်ကြွသော ဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်၌ ယနေ့နံ နက် ၉ နာရီက ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှအခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချို တိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့်ကုသခြင်းများကို (အခမဲ့)စစ်ဆေးကုသဆောင်ရွက်ပေးခဲ့သည်။

မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ ယနေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၀)ဦးခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့သစ်မြို့နယ်ပြည်သူ့ဆေးရုံတာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)