အုတ်တွင်းမြို့နယ်၌ က​လေးအလုပ်သမားပ​​ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

အုတ်တွင်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ () နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ရာတွင် တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးက ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ကလေးအလုပ်သမားဆိုင်ရာ ဥပဒေအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကလေးအလုပ်ပပျောက်ရေးရာဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အ..က (ခွဲ) ပဲခူးလမ်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)