မလှိုင်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်

မိတ္ထီလာ ဇူလိုင် ၁၇

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ဟိန်းချမ်းမြေ့ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက ဦးစွာ လမ်းညွှန်အမှာစကား ပြောကြားသည်။

ထို့နောက် မလှိုင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇေယျာအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများပါဝင်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ