ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ညောင်ဦး ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက မင်းနန်သူကျေးရွာ နန်းမြင့်မျှော်စင်ခန်းမတွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ပြီးနောက် သင်တန်းသားများ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးများ လက်တွေ့အသုံးချမီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးဖြင့် ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပြီး သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း