လပွတ္တာ ဇူလိုင် ၁၇
အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းကို လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ် ကွက် အ.ထ.က (၁) ကျောင်းတွင် ယနေ့နံနက်ကပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းကိုလပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ပပဝင်းတို့၏ ကြီးကြပ်မှု ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးစံရင်မော်၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လင်းနှင့်မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကျောင်းသားကျောင်းသူ (၁၆၁) ဦးတို့၏နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းအားနေ့ချင်းပြီးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်