ပေါင်မြို့နယ်ရှိ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကျေးရွာအုပ်စု (TOT) သင်တန်းဆင်းပွဲ ပြုလုပ်

‌ပေါင် ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်၊ သထုံခရိုင်ဥပဒေအရာရှိ ဉီးကျော်နန္ဒနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်းဥပဒေအသိပညာရှိကြရန်နှင့် ဥပဒေကို နားလည်တတ်ကျွမ်းရန် အရေးကြီးပါကြောင်း၊ ကောင်းမွန်မှု၊ မှန်ကန်မှု၊ တရားမျှတမှုများရရှိစေရန် မိမိကိုယ်တိုင်ပြဋ္ဌာန်းထားသော ဥပဒေများကိုသိရှိနားလည်ပြီး မိမိရပ်ရွာအတွင်းရှိ ပြည်သူများကို ဥပဒေအသိပညာဖြန့်ဖြူးပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာများမှ စ၍ နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာစေမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပေါင်မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က သင်တန်းဆင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ထူးချွန်သင်တန်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဥပဒေချုပ်က သင်တန်းတွင် အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ကြောင်း၊ သင်တန်းသို့ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၅) စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းကို ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)