ချမ်းအေးသာစံ ဇူလိုင် ၁၇
ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အမှတ်(၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဇူလိုင် ၁၇ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေများ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများ ကြွယ်ဝစေရန်အတွက် ချမ်းအေးသာစံမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော် ဦးဆောင်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပခဲ့ရာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၄ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)