ညောင်ဦး ဇူလိုင် ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ လမ်းညွှန်မှုညွှန်ကြားမှုများနှင့်အတူ ညောင်ဦးရိုင် လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့၏ ကြီးကြပ်မှုဖြင့်ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊အငယ် တန်းအင်ဂျင်နီယာ-၂ တို့ဦးဆောင်၍ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက စတင်ကာ အိမ်သုံးမီတာ များတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြေနဲလေးကျေးရွာအတွင်းရှိ လျှပ်စစ်တိုင်များပေါ်တွင်ရှိသော မီတာဘောက်များအား အောက်သို့ရွေ့ပြောင်းခြင်း၊ ရှုပ်ထွေးဆားဗစ်ဝါယာကြိုးများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့်မ၏ အမြင်တင့်တယ်လှပစေရန် Multi Meter Connection Box များဖြင့် ပြန်လည်ပြင်ဆင်တပ်ဆင်ခြင်း၊ မီတာယူနစ်များ မှန်ကန်စေရန် ၇၆ ကတ်နှင့်အတူ ဖတ်ရှုစစ်ဆေးခြင်း၊ဆီလ်းခတ်ခြင်းနှင့်ဆီလ်းခတ်မှတ် တမ်းရေးသွင်းခြင်းများကို ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ ညောင်ဦးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူ မိဘပြည်သူများအား လျှပ်စစ်ဗို့အားပြည့်မီစွာ သုံးသုံးစွဲနိုင်ရေးအတွက် ဝန်အားပြည့်မီနေသော ထရန်စဖော်မာများအား ဝန်အားမျှကူနိုင်စေရန် ထရန်စဖော်မာအသစ်များတိုးချဲ့တည်ဆောက်၍ မိဘပြည်သူများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာရုံးတာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း