မြစ်သား ဇူလိုင် ၁၇
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟာပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ပေတောပရဟိတ အခြေခံပညာမူလတန်းကျောင်း၌ စစ်ဆေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးများတိုက်ကျွေးပေးခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ အကြောင်းကို ရှင်းလင်းဟောပြောသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အမြင်အာရုံကောင်းမွန်မှုရှိ၊မရှိ၊ သန်ချဆေးတိုက်ကျွေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများကို တစ်ဦးချင်း စစ်ဆေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)