ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်ကို သီတင်းကျွတ်တပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)နေ့တွင် ရွှေသာလျောင်း ဆုတောင်းပြည့်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၂၂)နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။