ထားဝယ် အောက်တိုဘာ ၁၁
၂၀၂၂ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ သမိုင်းမိသားစု၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာကြီး/ဆရာမကြီးများအား သမိုင်းအထူးပြု ကျောင်းသား/သူများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ သန်းသန်းဦးက ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများက ကျောင်းသား/သူများအား ဆုံးမသြဝါဒစကားနှင့် လမ်းညွှန်အမှာစကားပြောကြားပြီး သမိုင်းအထူးပြု ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဆရာကြီး/ဆရာမကြီးများအား သမိုင်းအထူးပြု ကျောင်းသား/သူများက ကန်တော့ပစ္စည်းများဖြင့် ရိုသေစွာကန်တော့ခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)