ဖြူး အောက်တိုဘာလ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက်(၉)နာရီအချိန်ကစတင်ကာ လူသွားလူလာများသည့် ပဲခူးလမ်းမပေါ်တွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်မောင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် ပါဝင်ကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း Mask မတပ်ဆင်သူများအား Maskများ ဝေငှကာ ချက်ချင်းတပ်ဆင်စေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်လုပ်ကိုင်သွားလာစေရေး၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးပြောကြားခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)