သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Oct 11,2022
သင်္ဃန်းကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်၊ ဦးဘဟန်လမ်းရှိဒေသခံပြည်သူများ သက်သာချောင်ချိစေရေးအတွက် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။