ရွှေကျင် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ ဂရန်အင်းများအတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် အင်းမလွဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂရန်အင်းများအတွင်းသို့ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်တိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထိန်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ အင်းသူကြီးများတက်ရောက်ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ငါးမျိုးများကို အင်းသူကြီးများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ရွှေကျင်မြို့နယ်တွင် ဂရန်အင်းပေါင်း(၂၆)အင်းရှိပြီး ယခုငါးမျိုးစိုက်ထည့်ခြင်းတွင် သုံးလက်မအရွယ် ငါးခေါင်းပွအကောင်ရေ(၁၁၉၈၆)အား ရွှေကျင်မြို့နယ်ရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)