ဒိုက်ဦး အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအားလူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် ရပ်ကွက်များအတွင်းရှိ အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ခဲ့ကြသည်။
အဆိုပါထောက်ပံ့ရာသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ဒိုက်ဦးတစ်မြို့နယ်လုံးရှိသက်ကြီးအဘိုး/အဘွား ၈၂၆ ဦးရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)