မြိတ် အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အေးချမ်းသာယာရပ်ကွက် ကံ့ကော်လမ်းတွင် နေအိမ်မီးလောင်မှုကြောင့် မီး ဘေးသင့်ခဲ့ရသော အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နေ့လယ်(၂)နာရီကထောက်ပံ့ငွေများ သွားရောက်ပေး အပ်ခဲ့သည်။
မီးဘေးသင့် အိမ်ထောင်စုဝင်(၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးအစား ထောက်ပံ့ငွေ(၅) သောင်းကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ(၈၄၀၀)ကျပ် စုစုပေါင်း(၅၈၄၀၀)ကျပ်ကို မီးဘေးသင့်အိမ်ထောင်စုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေး၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
မီးလောင်ကျွမ်းခဲ့သည့် နေအိမ်သည် အလျား(၃၀)ပေ၊ အနံ(၃၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နေအိမ်ဖြစ်ပြီး ယမန်နေ့ ည(၇)နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စုဝင်များသည် ၄င်းတို့၏ ဆွေမျိုးများထံတွင် နေထိုင်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)