မန္တလေး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တံခွန်တိုင်အဝိုင်းပတ်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများကို မြို့ပေါ်လူစည်ကားရာနေရာများဖြစ် သော ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းပတ်၊ ၇၈ လမ်း (ရန်-မန်းလမ်း) နှင့် လူစည်ကား ရာနေရာများတွင် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွား၊ လမ်းလာပြည်သူများအား၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)