ကျောက်ဆည်မြို့နယ်တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး မိုးစပါးစိုက်ခင်း(၅)ဧကအား ဆေးဖြန်းစက်ဖြင့် ဆေးဖြန်းခြင်းသရုပ်ပြ
Oct 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူအကျိုးပြုလုပ်ငန်းများဖြစ်သော ထွန်ယက်ရေးဝန်ဆောင်မှုများ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းများ၊ ကြားပေါင်းလုက်စက်ဖြင့် တမန်းနိုးကြားပေါင်းလိုက်ခြင်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်းများ၊ စက်ပိုင်းဆိုင်ရာလေ့ကျင့်ပညာပေးခြင်းများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချပေးခြင်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေထုတ်ဖော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၁)၊ ဦးပိုင်အမှတ်(၃၅-က)တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး တောင်သူဦးအောင်စိုး၏ မိုးစပါး(၅)ဧကတွင် ဆေးဖြန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။