မုံရွာမြို့၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Oct 11,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များကို အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အချိန်အထိ မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် ပြည်ထောင်စုလမ်း၌ အိမ်ထောင်စုပေါင်း ၂၀၀ ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။