ကျိုက်လတ်မြို့နယ်တွင် ဝါကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ်အတွင်း ဝါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းလှူမှု အောင်ပွဲအနေဖြင့် ဝါကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ နေ့လယ်ပိုင်းက (၂)ဖြတ်လမ်းရှိ ရပ်တော်မူ မြတ်စွာ ဘုရားကြီးစုရပ်မှ စတင်ကျင်းပခဲ့သည်။