သတင်းများ

လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့​​​​​​​ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Oct 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၂ နာရီ အချိန်က နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း အပတ်စဉ် (၄/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Oct 14,2022
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို (၁)နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခု(၄/၂၂-၂၃) သင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ အထိ သင်ကြားပို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် (၄/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲကို ပုသိမ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ပြုလုပ်
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ခရိုင်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျောင်းအခြေပြုစက်ချုပ်သင်တန်း အပတ် စဉ်(၄/ ၂၀၂၂)သင်တန်းဆင်းပွဲ ကျင်းပ
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျောင်းအခြေပြု စက်ချုပ်သင်တန်းအပတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် မိုးကျကထိန်(ဒုတိယအကြိမ်) စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးကျကထိန်(ဒုတိယအကြိမ်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ပြည်သူများလှူဒါန်းငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်ရှိ ကျောင်းကြီးကျောင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျိုက်ဒေးယျုံစေတီတော်ရှိ အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။
မော်လမြိုင်ကျွန်း မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။