ဝမ်းတွင်း အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးကျကထိန်(ဒုတိယအကြိမ်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးကျော်မိုးဦးမှ ယခုနှစ်မိုးကျကထိန်စည်ကားသိုက် မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ မိုးကျကထိန်ကျင်းပခဲ့ခြင်းသည်(ဒုတိယအကြိမ်)ရှိပြီဖြစ်၍ ယခင်နှစ်များထက်ပိုမိုကောင်းမွန်ပြီး စည်စည်ကားကား ဖြစ်အောင်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ကထိန်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူး သက်နိုင်မှ ကထိန်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ကျင်းပမည့် မိုးကျကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ အားလုံးစည်းလုံးညီညွှတ်စွာဖြင့်ပါဝင်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ကထိန်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်တို့မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးကျကထိန်(ဒုတိယအကြိမ်) စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)