ဒဂုံတောင် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ခရိုင်)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)အထိမ်းအမှတ် (Talk Show)ကို ယနေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)နှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သန်းသန်းအေးက အနာဂတ်ကမ္ဘာနှင့်စားနပ်ရိက္ခာ ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာတွင် အနာဂတ်ကမ္ဘာအတွက် သောက်ရေ၊ သုံးရေအပါအဝင် စားနပ်ရိက္ခာအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကျ ဖြစ်နေရခြင်းမှာ လူဦးရေအဆက်မပြတ် တိုးပွားလာခြင်းကြောင့်ဖြစ်သည်။ စားနပ်ရိက္ခာများကို ကြာရှည်ခံအောင် ဖန်တီးလုပ်ဆောင်ရာတွင် အအေးသိပ်၍ အခြောက်လှန်းသောနည်း၊ လေဟာနယ်ထဲ၌ အခြောက်ခံသောနည်းများကို အသုံးပြုကြမည်ဖြစ်ပြီး ရိက္ခာသိုလှောင်ရေး နည်းစနစ်တမျိုးမှာလည်း ရိက္ခာသိုလှောင်ရုံအတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များကို လွှတ်သွင်းထားခြင်းဖြင့် ပုပ်သိုးဆွေးမြေ့မှုကို အားပေးတတ်သည့် အောက်စီဂျင်ကဲ့သို့သော ဓာတ်မျိုးကိုဖယ်ရှားပစ်သည့် အစရှိသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက်မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာနေ့(World food day)နှင့်ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သော အကြောင်းအရာများ နိုင်ငံကျော်စာရေးဆရာကြီးများ၏အဆိုအမိန့်များ၊ ကာတွန်းများအား ဖတ်ကြားပေးခဲ့ကြပြီး ယခုကျင်းပပြုလုပ်တယ့် ကမ္ဘာ့အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အစီအစဉ်များအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)