အင်းစိန်မြို့နယ်၊ ရွှေရည်စံပယ်(အထည်ချုပ်စက်ရုံ)၌ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Oct 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အလုပ်သမားများအား အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများ လျော့နည်းစေရန်၊ ဥပဒေပါရပိုင်ခွင့် များနှင့် အကျိုးခံစားခွင့်များကို သိရှိနားလည်စေရန်၊ အလုပ်သမား ဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတို့က ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၃)၊ ရွှေရည်စံပယ်(အထည်ချုပ်စက်ရုံ)တွင် ကျင်းပခဲ့သည်။