အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက  သက်ဆိုင်ရာဌာနရုံးအ သီးသီးတွင်လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ နေကြာစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးကြရန်၊ ပွင့်လင်း ရာသီ ရောက်လာပြီဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးများ လာဖို့ရှိကြောင်းနှင့် ရုံးသန့်ရှင်း ရေးများ ဆောင်ရွက်ထားကြရန်၊ အဓိက မိန်းလမ်းများဖြစ်သည့် (၁)လမ်းနှင့် (၂)လမ်းတွင် သန့်ရှင်းရေး များပိုမို ဆောင်ရွက်ရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မ.စ.က အဖွဲ့တို့ ပူးပေါင်းပြီး တည်းခိုခန်းများတွင် မှတ်ပုံတင်မပါပဲ တည်းခိုသူမရှိရေးနှင့် ခရီးသွားရာတွင် ကားလက်မှတ်ဝယ်ရာ၌ မှတ်ပုံတင်ပါသည့် သူများကိုသာ ကားလက်မှတ်ရောင်းချရေး စိစစ်ဆောင်ရွက်ကြရန်၊ အိမ်မဲမြို့နယ်တွင် နေကြာစိုက်ပျိုးရန် (၃၂၆၂)ဧကစိုက်ပျိုးရန် လျာထားသည့်အတွက် ပြကွင်း၊ ပြကွက် (၆)ခု (၇)ခု ဆောင်ရွက်ထားကြရန်၊ ပွင့်လင်းရာသီရောက်လာပြီ ဖြစ်သောကြောင့် ဌာနဆိုင်ရာအသီးသီးများအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာများ ကို ကြိုတင်ပြင်ဆင် ထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများဆောင်ရွက် နေမှု၊ ကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းများ အကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေး ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ)