သတင်းများ

မင်းလှမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်
Oct 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ကာမိုင်းမြို့၌ ပုံ‌ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 14,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ သည်။
ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Oct 14,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကုန်ဈေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးနှင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့် အခြေခံလူတန်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက်(၇)နာရီ အချိန်မှ (၉)နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 14,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် အခြေခံအိမ်ထောင်စုများ၊ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက  ဆိပ်ဖြူမြို့ ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်း၌ ရောင်းချပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါလကင်းလွတ်အခါသမယ မိုးကောင်းမြို့ဓလေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော်(၅)ရက် တောင်ပေါ် ဘုရားဖူးနေ့ ဘုရားဖူးသူများစည်ကား
Oct 14,2022
ဝါလကင်းလွတ်အခါသမယ အခြားမြို့နှင့်မတူ တစ်မူထူးခြားသည့် ကချင်ပြည်နယ် မိုးကောင်းမြို့၏ မြို့ဓလေ့ဖြစ်သည့် သတင်းကျွတ် လပြည့်ကျော်(၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရားဖူးသူများ စည်းကားလျက်ရှိကြောင်း သိရသည်။
သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။