သတင်းများ

ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Oct 15,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သထုံခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Oct 15,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နေ့လည်အချိန်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေး ပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုပုံမှန်ဝင်ရရှိ
Oct 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် သပြေပန်းစိုက်ပျိုးသူများ မိသားစုအတွက် နေ့စဉ်ပုံမှန်ရရှိခြင်းကြောင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 15,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ကျောင်းသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံတတ်စေရန် ရည်ရွယ်၍ စာရေးဆရာဌေးကြည်(စလင်း)ရေးသားသည့် ''ပင်လယ်မျှော်စင်'' ခေါင်းစည်ဖြင့် ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း(၂/၂၀၂၂) သင်တန်းသား/သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားကျင်းပ
Oct 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ယနေ့နံနက်(၉) နာရီအချိန်က ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂)သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
လူဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့် မဲရုံများ ပြန်လည်လျာထား သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Oct 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့်မဲရုံများ ပြန်လည်လျာထားသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ
Oct 15,2022
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အ​ခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်
Oct 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အ​ခြေခံကွန်ပျူတာ သင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း​ သိရသည်။