လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့​​​​​​​ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

လိပ်သို  အောက်တိုဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၂ နာရီ အချိန်က နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များ ငှါးရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် Mobile စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်များ အားလပ်သောအချိန်ကို  စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေ ဖတ်ရှုမှု ကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ/ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်၍ သွားရောက်ငှါးရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား တစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)