မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ ကူးစက်မြန် COVID-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင်သွားလာရန် အသိပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများဖြစ်သော မဟာဗန္ဓုလလမ်းမကြီး၊ အမှတ်(၁၁)လမ်း၊ အမှတ်(၁၃)လမ်း၊ မြို့မဈေးကြီးနှင့် အမှတ်(၁၁) ကမ်းနားလမ်း တစ်လျှောက်၌ ဈေးအတွင်းနှင့် မြို့တွင်းသို့ သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား နှာခေါင်းစည်း Mask (၂၀၀၀) အား အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)